ဆေးရုံအကြောင်း

ဆေးရုံအကြောင်း

Raffles ဆေးရုံကြီးသည် စင်ကာပူ နှင့် အရှေ့တောင်အာရှ ကျန်းမာရေးဝန်ဆောင်မှုတွင် ဦးဆောင်နေသည့် Raffles Medical Group ၏ ပင်မဌာနေ ပုဂ္ဂလိကအထူးကုဆေးရုံကြီးဖြစ်ပါသည်။

ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၁၅ မိနစ်အတွင်း ရောက်ရှိနိုင်သည့် မြို့အချက်အချာနေရာတွင်တည်ရှိသော Raffles ဆေးရုံကြီးတွင် အထူးကုပညာရပ်များ၊ ဆေးဘက်ဆိုင်ရာ နှင့် ရောဂါရှာဖွေဖော်ထုတ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကိုရရှိနိုင်ပါသည်။

သားဖွားနှင့်မီးယပ်အထူးကုဗေဒ၊ နှလုံးအထူးကုဗေဒ၊ ကင်ဆာအထူးကုဗေဒ နှင့် အရိုးအထူးကုဗေဒ အစရှိသည့်ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အမျိုးမျိုးအတွက် အထူးကုဌာနပေါင်း ၂၁ ခုမှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ဆေးရုံကြီးတွင် ၂၄နာရီအရေးပေါ်လူနာဌာန၊ မိသားစုဆေးပညာဌာန နှင့် အထူးကုဌာနများဖြင့် ဖွဲ့စည်းထားသည်။ ဆေးရုံကြီး၏ ဆေးဘက်ဆိုင်ရာနှင့်ခွဲစိတ်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများတွင် နေ့ခွဲစိတ်ကုသမှုအခန်းများ၊မွေးခန်းများ၊ ခွဲစိတ်ခန်းများ၊ အထူးလူနာပြုစုကုသဆောင်၊ မွေးကင်းစကလေးအထူးပြုစုကုသဆောင်၊ သွားနှင့်ခံတွင်း၊ဓာတ်မှန်ဋ္ဌာန၊ ဓာတ်ခွဲခန်း၊ ဆေးဝါးအရောင်းဌာန၊ အစာအာဟာရဆိုင်ရာလမ်းညွှန် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုတို့ပါဝင်ပါသည်။

ဆေးအထူးပြုပညာရပ်နယ်ပယ်မျိုးစုံမှ ကျွမ်းကျင်ဝန်ထမ်းများအတူတကွ ပူးပေါင်းပြုစုစောင့်ရှောက်မှုပုံစံကိုကျင့်သုံးသောအားဖြင့် Raffles ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် အဖွဲ့လိုက်ပြုစုကုသမှုကြောင့် လူနာများသည်အကောင်းဆုံးသော ပြုစုကုသမှုပေးသည့် ဝန်ဆောင်မှုကိုရရှိမည်ဖြစ်ပါသည်။ Raffles ဆေးရုံကြီးတွင် အရည်အသွေးကိုဦးစားပေးအလေးထားကျင့်သုံးသဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းပြန်လည်စမ်းစစ်ခြင်းနှင့် စစ်ဆေးအကဲဖြတ်သည့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကိုရရှိမည်ဖြစ်ပါသည်။

Raffles ဆေးရုံကြီးတွင် ကြယ်ငါးပွင့်ဟိုတယ်အဆင့်မှီ ဧည့်ခန်းပါ suite အခန်းများ၊ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊လေးယောက်ခန်း နှင့် ခြောက်ယောက်ခန်းများကို လူနာများအတွက် ရွေးချယ်နိုင်ပါသည်။

ရင်းနှီးဖော်ရွေသောပတ်ဝန်းကျင်ဖြစ်သည့်အလျောက် Raffles ဆေးရုံကြီးသည် အနားယူရန် နှင့် ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် နားခိုနိုင်သည့်အကောင်းဆုံးနေရာဖြစ်ပါသည်။

ဝန်ဆောင်မှုများ