ကင်ဆာအထူးကုဌာန

Raffles ကင်ဆာအထူးကုဌာနသည် တီထွင်ဆန်းသစ်မှု နှင့် ကျွမ်းကျင်မှုတို့ဖြင့် စင်ကာပူဆေးပညာရပ်တွင် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွနု်ပ်တို့ အထူးကုဆရာဝန်ကြီးများသည် အန္တရာယ်ပေးနိုင်သော ကင်ဆာရောဂါများ နှင့် သွေးရောဂါတို့ကိုကုသရန် ဗဟုသုတ၊ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုတို့ဖြင့် ပြည့်ဝကြသည်။

Raffles ဆေးရုံသည် ပုဂ္ဂလိကအထူးကုဆေးရုံကြီးဖြစ်ပြီး စင်ကာပူ၏အချက်အချာနေရာတွင်တည်ရှိသည်။ Raffles ဆေးရုံတွင် ကင်ဆာလူနာများအား ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း၊ ခွဲစိတ်ခြင်း၊ ဆေးကုသခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ပြန်လည်ကောင်းမွန်ရန်ကူညီစောင့်ရှောက်ခြင်း၊ ရောဂါသက်သာစေခြင်း နှင့် လိုအပ် သောပြုစုစောင့်ရှောက်မှုတို့ကို ကျွမ်းကျင်သောဆေးဝန်ထမ်းတို့မှ အဖွဲ့လိုက်အတူတကွ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျွမ်းကျင်မှုနယ်ပယ်အရပ်ရပ်မှ အဖွဲ့လိုက် ပြုစုစောင့်ရှောက်မှုမှသည် ကင်ဆာအထူးကုဆရာဝန်ကြီးများမှ လူနာတစ်ဦးချင်းစီအလိုက် လိုအပ်ချက်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Raffles ကင်ဆာအထူးကုဌာနသည် Raffles Medical Group ၏ ရည်မှန်းချက်ဖြစ်သော “Your Trusted Partner for Health” ဆောင်ပုဒ်နှင့်အညီ ကင်ဆာလူနာများအား အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ဌာနဆိုင်ရာဆရာဝန်များ