ကလေးအထူးကုဌာန

Raffles ကလေးအထူးကုဌာနတွင် ဆေးကုသမှုနှင့်ဖွံ့ဖြိုးကြီးထွားရန်လိုအပ်သော မွေးကင်းစကလေးများ၊ ကလေးများ သို့မဟုတ် ဆယ်ကျော်သက်ကလေးများအတွက် ကလေးအထူးကုဆရာဝန်ကြီးများ၊ မွေးကင်းစကလေးအထူးကုဆရာဝန်ကြီးများ၊ သူနာပြုတို့မှ နွေးထွးကြင်နာစွာ ပြုစုကုသစောင့်ရှောက်ပေးလျက်ရှိပါသည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်းမှသည် ဖျားနာခြင်းအစရှိသည်တို့ကို ကလေးအထူးကုဆရာဝန်ကြီးများမှ သေချာစွာကုသပေးလျက်ရှိပါသည်။ မွေးကင်းစကလေးများကို ပြုစုကုသပေးသည့် ဆရာဝန်ကြီးများသည် လမစေ့ကလေးများအား အထူးတလည်ဂရုစိုက်၍ ပြုစုကုသပေးလျက်ရှိပါသည်။ ကလေးလူနာများအား ပြုစုစောင့်ရှောက်မှုကို ကလေးအတွက်သာမက မိသားစုဝင်လိုအပ်ချက်များကိုပါ မိသားစုပုံစံအနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။