Raffles နှလုံးအထူးကုဌာနသည် နှလုံးစမ်းသပ်စစ်ဆေးမှုအားလုံးကို တစ်နေရာတည်းတွင်ပြည့်စုံစွာ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
နှလုံးခုန်နှုန်းပုံမမှန်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါ နှင့် နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ နှင့် ကိုလက်စရောအဆီမြင့်ခြင်းအစရှိသည့် နှလုံးရောဂါ အခြေအနေများကို ရောဂါရှာဖွေဖော်ထုတ်စစ်ဆေးခြင်းမှသည် ဆေးကုသမှုခံယူခြင်းအထိ အဆင့်မြင့်နည်းပညာနှင့်ပစ္စည်းများကို အသုံးပြုလျက်ရှိပါသည်။
နှလုံးပြန်လည်သန်စွမ်းရေးပြုစုကုသခြင်း နှင့် ခွဲစိတ်ပြီးတိုင်ပင်ဆွေးနွေးပြုစုကုသခြင်းတို့ကို အတွေ့အကြုံရင့်သော နှလုံးအထူးကုဆရာဝန်ကြီးများ၊ နှလုံးရင်ခေါင်း ခွဲစိတ်ဆရာဝန်ကြီးများ၊ သူနာပြုများ နှင့် ကျန်းမာရေးဝန်ထမ်းတို့မှ အရည်အသွေးပြည့်ဝသော ပြုစုကုသမှု နှင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။