Dr. Joshua Kua Hai Kiat

Dr. Joshua Kua Hai Kiat

Dr. Joshua Kua Hai Kiat

MBBS (S’pore), M Med (Psych), Dip (Psychotherapy), FAMS

Raffles နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုကုသဌာန။

လက်တွေ့စိတ်ဝင်စားမှု

စိတ်ရောဂါ (စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှု နှင့် ပြင်းထန်သည့်စိတ်ဝေဒနာ)၊ လူကြီးပိုင်းစိတ်ရောဂါ (ခွဲခြားသိမြင် နိုင်စွမ်းနှင့်မှတ်ဉာဏ်ပြဿနာများ)၊ ကင်ဆာဆိုင်ရာစိတ်ရောဂါ၊ မှုခင်းဆေးပညာဆိုင်ရာကိစ္စများ (စဉ်းစားဆင်ခြင်နိုင်စွမ်း စစ်ဆေးပေးခြင်း)၊ နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုခြင်း နှင့် စိတ်ရောဂါကုထုံး။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Kua သည် စိတ်ရောဂါအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အခြေခံနှင့်အဆင့်မြင့် စိတ်ရောဂါဆိုင်ရာအထူးကုသင်တန်းကိုတက်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် စိတ်ရောဂါအထူးကု တရားဝင်လက်မှတ်ရရှိ ခဲ့သည်။

၂၀၀၂ ခုနှစ် မှ ၂၀၀၃ ခုနှစ်တွင် St George’s Aged Psychiatry Service မှ လူကြီးပိုင်းစိတ်ရောဂါ နှင့် သြစတေးလျ Peter MacCallum Cancer Institute မှ ကင်ဆာဆိုင်ရာစိတ်ရောဂါသင်တန်းကိုပြီးဆုံးခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ Institute of Mental Health, Geriatric Psychiatry ဌာန၏ ဥက္ကဌလည်းဖြစ်သည်။

ဆေးကုထုံးအပြင် ဒေါက်တာ Kua သည် စိတ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေးနွေးနည်းလမ်းများကိုလည်းသုံး၍ကုသသည်။ ၂၀၀၁ ခုနှစ်တွင် NUS မှ စိတ်ပိုင်းဆိုင်ရာကုထုံးဘွဲ့လွန်ဒီပလိုမာကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ Cognitive Behavioral Therapy နှင့် တစ်ခြားစိတ်ပိုင်းဆိုင်ရာကုထုံးများတွင်လည်း သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ရရှိထားသည်။

ယခုလက်ရှိတွင် Agency for Integrated Care (AIC) စိတ်ပိုင်းဆိုင်ရာကဏ္ဍတွင် ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်သည်။
ဒေါက်တာ Kua သည် MOH ဝန်ကြီးအဆင့်ကော်မတီများတွင်လည်းပါဝင်ခဲ့ဖူးသည်။ Benzodiazepines Prescription (2008) နှင့် Dementia (2011) ဆေးဝါးဆိုင်ရာလက်တွေ့လမ်းညွှန်ပြဌာန်းချက်များရေးသားရာတွင်ပါဝင်ခဲ့သည်။

ယခင်က NUS ရှိ Yong Loo Lin ဆေးကျောင်း၏ လက်တွေ့ကထိက၊ စိတ်ရောဂါဗေဒမဟာဘွဲ့စာမေးပွဲများ၏ စာစစ်သူလည်း ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် အာစီယံညီလာခံ စိတ်ရောဂါဗေဒအစည်းအဝေးတွင် သုတေသနစာတမ်းဆုကိုရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Healthcare Humanity ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။