
မစွမ်းမသန်ဖြစ်ခြင်း နှင့် သေစေတတ်သော ရောဂါလက္ခဏာများကို စောလျင်စွာရှာဖွေသိရှိနိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းသည် မဖြစ်မနေလိုအပ်ပါသည်။ ထိုသို့ စစ်ဆေးခြင်းအားဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါကဲ့သို့ လူနေမှုပုံစံနှင့် ကိုယ်စိတ်ဖိစီးမှုကြောင့် အဖြစ်များသော အသံတိတ်လူသတ်ရောဂါများကို အချိန်မှီသိရှိနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစစ်ဆေးခြင်းသည် အစောပိုင်းတွင် ရောဂါလက္ခဏာ မပြတတ်သောရောဂါများကို ဖော်ထုတ်ပေးရာတွင် အရေးပါလျက်ရှိပါသည်။
ကျွမ်းကျင်ပညာရှင်များ၏ တစ်ဦးချင်းအထူးဂရုစိုက်မှုဖြင့် သင့်ကျန်းမာရေးလိုအပ်ချက်ကို ပိုမိုကောင်းမွန်စေရန်ကူညီပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုသည် တစ်ဦးချင်းအတွက် သာမကအသင်းအဖွဲ့မှဝန်ထမ်းများအတွက်ပါ ဝန်ဆောင်ပေးလျက်ရှိပါသည်။
သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်ဂရုစိုက်သင့်သည်။ ဖြစ်နိုင်ချေများသော ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန်စစ်ဆေးသင့်သည်။ အချိန်မှီစစ်ဆေးသိရှိပါက ရောဂါကိုသေချာစွာသိရှိပြီး ထိရောက်စွာကုသနိုင်ပေမည်။ကျန်းမာခြင်းသည် လာဘ်တစ်ပါးပင်ဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးမှု အသေးစိတ်မှတ်တမ်းကို ကျွမ်းကျင်သောဆရာဝန်ကိုယ်တိုင် လူနာတစ်ဦးချင်းကိုပြည့်ပြည့်စုံစုံရှင်းပြပေးမည်ဖြစ်ပြီး လိုအပ်သည်များကိုလည်း အကြံပေးမည်ဖြစ်ပါသည်။
ဖြစ်နိုင်ချေများသော ကျန်းမာရေးဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းဖြင့် သင့်ကျန်းမာရေးကို အထူး ဂရုစိုက်သင့်သည်။ အချိန်မှီစစ်ဆေးသိရှိပါက ရောဂါကို သေချာစွာ သိရှိပြီး ထိရောက်စွာကုသနိုင်ပေမည်။
Raffles HealthScreeners သည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး လိုအပ်ချက်အလိုက် ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစစ်ဆေး ပေးသည့်ဌာနဖြစ်ပါသည်။ နှစ် (၄၀) ကျော် ရင့်ကျက်သော အတွေ့အကြုံ အရ အရည်အချင်းပြည့်ဝသော ဆရာဝန်၊ သူနာပြု နှင့် ဝန်ထမ်းများက ခေတ်မှီသော စက်ကိရိယာ၊ နည်းပညာများဖြင့် တစ်နေရာတည်းတွင် ပြည့်စုံစွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။
သင်၏လိုအပ်သောစစ်ဆေးမှုများအပြီးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော မနက်စာကို သုံးဆောင်နိုင်ပါသည်။ ဆေးရုံတွင်း၌ အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ သင့်ကျန်းမာရေး လာရောက်စစ်ဆေးစဉ်တွင် သင့်တောင့်သက်သာနှင့် အကျိုးရှိရှိဖြစ်စေချင်ပါသည်။
Raffles ဆေးရုံသည် အဆင့်မြင့်ပုံရိပ်ရိုက်ကူးရေးပစ္စည်းကိရိယာနည်းပညာ အပြည့်အစုံရှိသော ပုဂ္ဂလိကအထူးကုဆေးရုံကြီးဖြစ်ပါသည်။ ရရှိနိုင်သော အဆင့်မြင့်ပုံရိပ်ရိုက်ကူးရေးဝန်ဆောင်မှုများတွင်
ကျန်းမာရေးစစ်ဆေးစဉ်တွင် သင့်ကျန်းမာရေးလိုအပ်ချက်များကို ဆရာဝန်များ နှင့်တိုင်ပင်ဆွေးနွေးပါ။ လိုအပ်လျှင် ဆရာဝန်သည် သင့်ကျန်းမာရေးစိုးရိန်မှု များအတွက် အဆင့်မြင့်ပုံရိပ်ရိုက်ကူးရန် စီစဉ်ပေးမည်ဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်း packages များအတွက် ကြိုတင်ရက်ချိန်း ရယူလိုပါက ဖုန်း (၆၅) ၆၃၁၁ ၁၃၃၇/ ၆၃၁၁ ၂၂၁၇/ ၆၃၁၁ ၁၂၂၂ သို့ ဆက်သွယ်နိုင်ပါသည်။ မြန်မာနိုင်ငံရှိ ဆေးရုံကိုယ်စားလှယ်များထံမှ တစ်ဆင့်လည်း ဆက်သွယ်နိုင်ပါသည်။
သွေးစစ်ဆေးခြင်းဖြင့် ဂေါက်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ လိင်ဆက်ဆံရာမှကူးစက် တတ်သောရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ၊ အသည်းနှင့်ကျောက်ကပ်ရောဂါများ၊ သွေးအဆီများခြင်း စသည်ဖြင့် ရောဂါအမျိုးမျိုးကို ကြိုတင်သိရှိနိုင်ပါသည်။
ကင်ဆာဆဲလ်များမှထုတ်သော သွေးတွင်းရှိကင်ဆာအမှတ်အသားများကို စစ်ဆေးခြင်းဖြင့် အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဥအိမ် ကင်ဆာ နှင့် နှာခေါင်းကင်ဆာ စသည်တို့ကို စောလျင်စွာဖော်ထုတ်သိရှိနိုင်ပါသည်။
ဆီးစစ်ဆေးခြင်းဖြင့် ကျောက်ကပ်လုပ်ဆောင်ချက် နှင့် ဆီးလမ်းကြောင်းအခြေအနေကို သိရှိနိုင်
ပါသည်။
ဝမ်းထဲတွင်သွေးပါမပါ စစ်ဆေးကြည့်ခြင်းအားဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ချေကို ခန့်မှန်းသိရှိနိုင်ပါ သည်။
သားအိမ်ခေါင်းအသားစယူ၍ စစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေကို ကြိုတင်သိရှိ နိုင်ပါသည်။
နှလုံးလုပ်ဆောင်ချက် နှင့် နှလုံးခုန်စည်းချက်မှန်မမှန်စသည်ဖြင့် စစ်ဆေးပေးပါသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမရှိ၊ နှလုံးအခြေအနေ နှင့် နှလုံးသွေးကြောကျဉ်းရောဂါရှိမရှိ ကြိုတင်သိရှိနိုင်ပါ သည်။
ဝမ်းဗိုက်အင်္ဂါများဖြစ်သည့် အသည်း၊ သည်းခြေအိတ်၊ ဘေလုံး၊ သရက်ရွက်၊ ကျောက်ကပ် စသည် တို့ကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်သည်များကို ဖော်ထုတ်နိုင်ပါသည်။
အမျိုးသမီးများတွင် သားအိမ်၊ သားဥအိမ် အင်္ဂါများ ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်သည်များကို စစ်ဆေးဖော်ထုတ်နိုင်ပါသည်။
လည်ပင်းသိုင်းရွိုက်ဂလင်းအတွင်း ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်သည်များကို စစ်ဆေးဖော် ထုတ်နိုင်ပါသည်။
အမျိုးသားများတွင် ကပ်ပယ်အိတ်အတွင်း ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်သည်များကို စစ်ဆေးဖော်ထုတ်နိုင်ပါသည်။
ကျောက်ကပ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်သည်များကို စစ်ဆေးဖော်ထုတ်နိုင်ပါသည်။
အသည်း၊ သည်းခြေပြွန်စနစ် နှင့် သည်းခြေအိတ်တို့၏ ဖွဲ့စည်းတည်ဆောက်ပုံ ပုံမှန်မဟုတ်သည်များကို စစ်ဆေးဖော်ထုတ်နိုင်ပါသည်။
အမျိုးသားများတွင် ဆီးကျိတ်ရောင်ခြင်း သို့မဟုတ် ဆီးကျိတ်ဂလင်းတွင် အကျိတ်အဖုရှိမရှိကို စစ်ဆေးဖော်ထုတ်နိုင်ပါသည်။
အသက် ၄၀ မတိုင်မှီ အမျိုးသမီးများ ရင်သားနှင့်ပတ်သက်သည့် အပြောင်းအလဲများရှိခဲ့ပါက လုပ်ဆောင်သင့်ပါသည်။ ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်းကို ထပ်ဆောင်းရိုက်ကြည့်ခြင်းအားဖြင့် ရင်သားကင်ဆာ ရှာဖွေဖော်ထုတ်နိုင်သည့် အခွင့်အလမ်း ပို၍များသည်။
ရင်သားကင်ဆာစစ်ဆေးရန်အတွက် ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ စင်ကာပူတွင် အသက် (၄၀) မှ (၄၉) အတွင်းရှိ အမျိုးသမီးများ (၁) နှစ်လျှင်တစ်ကြိမ်၊ အသက် (၅၀) နှစ် နှင့် အထက် အမျိုးသမီးများသည် (၂) နှစ်လျှင် တစ်ကြိမ်စစ်ဆေးသင့်ပါသည်။ ရင်သားဓာတ်မှန်ဖလင်ဟောင်းများကို နှိုင်းယှဉ်ရန်အတွက်
တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါသည်။
မျက်လုံးအိမ်အတွင်းရှိ ဖိအားကိုစမ်းသပ်ပေးခြင်းဖြင့် မျက်စိရေတိမ်ရှိမရှိ စစ်ဆေးပေးပါသည်။
Mastocheck® သည် ရင်သားကင်ဆာကို သွေးစစ်ဆေးခြင်းဖြင့် စောစီးစွာဖော်ထုတ်ပေးနိုင်ပါသည်။ တောင်ကိုရီးယားအခြေစိုက် Bertis မှ တီထွင် ထုတ်လုပ်ခဲ့သည့် ကမ္ဘာ့ပထမဆုံး အသားဓာတ်များကိုအခြေပြု၍ စောစီးစွာရောဂါရှာဖွေနိုင်သည့် စစ်ဆေးမှုဖြစ်ပါသည်။ စစ်ဆေးရန် သွေးအနည်းငယ်သာ လိုအပ်သဖြင့် လွယ်ကူအဆင်ပြေသောနည်းလမ်းဖြစ်ပါသည်။ Mastocheck® မစစ်မှီ လူနာများသည် အနည်းဆုံး ၂ နာရီ အစာရှောင်ရန်သာလိုအပ်ပါသည်။