Dr. Andrew Tan Eik Hock

Dr. Andrew Tan Eik Hock

Dr. Andrew Tan Eik Hock

MBBS (S’pore), FRCR (UK), Dip CCNC (USA), FAMS

Raffles Nuclear Medicine

လက်တွေ့စိတ်ဝင်စားမှု

ကင်ဆာပုံရိပ်များရိုက်ကူးခြင်း နှင့် ကုထုံးနည်းလမ်းများ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Andrew Tan သည် Nuclear Medicine ဆရာဝန်ကြီးဖြစ်ပါသည်။ ယခင်က စင်ကာပူအထွေထွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဆေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် အင်္ဂလန် ဓာတ်မှန်ပညာရှင်များတော်ဝင်ကောလိပ်၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် Nuclear Medicine အထူးကုဆရာဝန်ကြီး အဖြစ်အသိအမှတ်ပြုခြင်းခံရပြီး၊ ၂၀၁၁ ခုနှစ်တွင် စင်ကာပူ Academy of Medicine ၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ် အမေရိကန် Nuclear Cardiology, Certification Board မှ ဒီပလိုမာရရှိခဲ့သည်။

ဒေါက်တာ Tan သည် အဏုမြူနှင့်မော်လီကျူး ပုံရိပ်ရိုက်ကူးခြင်းနည်းလမ်းများတွင် အတွေ့အကြုံရှိပြီး၊ ကင်ဆာပုံရိပ်များ ရိုက်ကူးခြင်း နှင့် ကုထုံးနည်းလမ်းများကို အထူးစိတ်ဝင်စားသည်။ ဂျာမနီ Zentralklinic Bad Berka ၊ အီတလီ European Institute of Oncology တို့တွင် သင်တန်းတက်ရောက်ခဲ့ပြီး၊ radioguided ရင်သားခွဲစိတ်မှု၊ peptide receptor radionuclide therapy နှင့် ဆီးကျိတ်ကင်ဆာပုံရိပ်ရိုက်ကူးခြင်း F18-choline PET imaging အစရှိသည်တို့ကို အထူးကျွမ်းကျင်သည်။