
MA (UK), BM BCh (UK), MRCPsych (UK), FAMS
အမျိုးသမီးကျန်းမာရေး၊ မျိုးပွားကုထုံး၊ နာကျင်မှုကုသခြင်း နှင့် ဆေးပညာအထူးကု။
ဆရာဝန် Zhao သည် ၁၉၈၇ ခုနှစ်တွင် Inner Mongolia Medical College မှ အနောက်တိုင်းဆရာဝန်ဘွဲ့ရရှိခဲ့သည်။ Nanjing မြို့ Yuhuatai ပြည်နယ်ရှိ တရုတ်တိုင်းရင်းဆေးရုံ သားဖွားနှင့်မီးယပ်အထူးကုဌာနတွင် ၁၁ နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့သည်။ စင်ကာပူတရုတ်တိုင်းရင်းဆေးကောလိပ်မှဘွဲ့ရခဲ့ပြီး၊ ၂၀၀၇ ခုနှစ် စင်ကာပူတွင် TCM ဆရာဝန်အဖြစ် မှတ်ပုံတင်ခဲ့သည်။
ဆရာဝန် Zhao သည် ရာသီပုံမှန်မလာခြင်း၊ ရာသီမလာမှီခံစားရသောလက္ခဏာများ၊ ရာသီလာစဉ်နာကျင်မှု၊ သားအိမ်တွင် ပုံမှန်မဟုတ်သောဆဲလ်များကြီးထွားခြင်း၊ သားအိမ်အလုံးများ၊ မျိုးမအောင်ခြင်း နှင့် သွေးဆုံးခြင်း အစရှိသည့် အမျိုးသမီး ကျန်းမာရေးနှင့်မီးယပ်ရောဂါများကို တိုင်းရင်းဆေးဖြင့်ကုသခြင်းတွင်အထူးပြုသည်။ အစာအိမ်ရောင်ခြင်း၊ အသည်းအဆီဖုံး ခြင်း နှင့် သွေးတိုးရောဂါ အစရှိသည့်ရောဂါများကို အပ်စိုက်ကုထုံး (သို့/နှင့်) ဆေးဖက်ဝင်အရွက်တို့ဖြင့်လည်း ကုသပေးလျက် ရှိပါသည်။