
MBBS (S’pore), MRCSEd (UK), FRCSEd (UK), M Med (S’pore), FAMS (S’pore)
လက်တွေ့စိတ်၀င်စားမှု
premium intra-ocular မှန်ဘီလူးများထည့်သည့် အတွင်းတိမ်ခွဲစိတ်မှု၊ မျက်လုံးစွေစောင်းခြင်း၊ diplopia အမြင်နှစ်ထပ်ဖြစ်နေခြင်း နှင့် ငယ်စဉ်ကလေးဘဝမျက်လုံးအခြေအနေများ။
ကိုယ်ရေးရာဇ၀င်
ဒေါက်တာ Foo သည် မျက်စိအထူးကုဆရာ၀န်ကြီးဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ် NUS မှ ဆေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် မျက်စိပညာဆိုင်ရာ ဆေးပညာမဟာဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် Edinburgh ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ် နှင့် စင်္ကာပူဆေးပညာကောလိပ်တို့တွင် အဖွဲ့၀င်ခန့်အပ်ခြင်းခံရခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လေ့ကျင့်သင်ကြားရေးပညာသင်ဆုအားလက်ခံရရှိခဲ့ပြီး၊ အမေရိကန် Wilmer Eye Institute နှင့် Johns Hopkins ဆေးတက္ကသိုလ်တို့မှ အသိအမှတ်ပြုထားသော ကလေးမျက်လုံးဆေးဘက်ဆိုင်ရာနှင့်ခွဲစိတ်မှုဆိုင်ရာ အထူးကုလက်တွေ့အဖွဲ့၀င်သင်တန်းကို ပါမောက္ခ David Guyton နှင့် Michael Repka တို့၏ သင်ကြားပို့ချမှုအောက်တွင်ပြီးဆုံးခဲ့ပါသည်။
Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Foo သည် Tan Tock Seng ဆေးရုံ (TTSH) တွင် အကြီးတန်း အတိုင်ပင်ခံဆရာ၀န်ကြီးဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှစ၍ TTSH ၏ ကလေးမျက်စိဆိုင်ရာကုသဝန်ဆောင်မှုအပိုင်း၏ အကြီးအကဲဖြစ်ပါသည်။ TTSH နှင့် KK အမျိုးသမီးနှင့်ကလေးဆေးရုံ၏ ဧည့်အတိုင်ပင်ခံဆရာ၀န်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါသည်။ စင်္ကာပူဆေးတက္ကသိုလ် ကလေးမျက်စိအထူးကုဆရာ၀န်များဆိုင်ရာကောလိပ်၏ အထူးကော်မတီတွင်လည်းပါ၀င်ပါသည်။
ဒေါက်တာ Foo သည် Lee Kong Chian ဆေးကျောင်း ဘွဲ့ကြိုနှင့်ဘွဲ့လွန်ဆေးပညာတွင် တွဲဖက်လက်ထောက်ပါမောက္ခ၊ NUS Yong Loo Lin ဆေးကျောင်းတွင် အကြီးတန်းကထိက၊ National Healthcare Group (NHG) Ophthalmology Residency Programme ၏အမြဲတမ်းအဖွဲ့၀င်၊ ဘွဲ့ကြိုနှင့်ဘွဲ့လွန်စာမေးပွဲများတွင် စာစစ်သူအနေဖြင့် တက်ကြွစွာပါဝင်ခဲ့ပါသည်။ သူမသည် အကောင်းဆုံးဆရာဆုအများအပြား နှင့် အကြီးတန်းဆရာဝန်များအတွက် NHG Teaching Award ကို ၂၀၂၀ ခုနှစ်တွင်ရရှိခဲ့ပါသည်။ နိုင်ငံတကာဂျာနယ်များတွင် ရေးသားပုံနှိပ်ထုတ်ဝေမှုများရှိခဲ့ပြီး ဒေသဆိုင်ရာနှင့်နိုင်ငံတကာ ညီလာခံများသို့ ဟောပြောသူ၊ ဆွေးနွေးသူ နှင့် ပါဝင်ဆင်နွှဲသူအဖြစ် ဖိတ်ကြားခံခဲ့ရသည်။ လူနာပြုစုကုသစောင့်ရှောက်ရေးတွင် သူမ၏ စေတနာနှင့်ကတိကဝတ်များကို အသိအမှတ်ပြုသည့်အတွက် Excellent Service Award (Silver) ငွေတံဆိပ်ဆုနှစ်ကြိမ် ချီးမြှင့်ခံခဲ့ရသည်။
ဒေါက်တာ Foo ၏ အထူးကျွမ်းကျင်မှုမှာ အထွေထွေမျက်စိပညာ၊ လူကြီးနှင့်ကလေးများ မျက်စိစစ်ဆေးခြင်းတို့ ပါဝင်သည်။ အတွင်းတိမ်ခွဲစိတ်မှု၊ အမြင်အာရုံပိုကောင်းစေရန် toric and multifocal intra-ocular lenses တို့ကို အစားထိုးပေးခြင်း၊ astigmatism နှင့် presbyopia တို့ကိုပြုပြင်ခြင်းတို့တွင် အတွေ့အကြုံရှိသည်။ ကလေးမျက်စိပညာ၊ လူကြီးနှင့်ကလေးဆိုင်ရာ မျက်လုံးစွေစောင်းခြင်း၊ diplopia အမြင်နှစ်ထပ်၊ အဝေးမှုန်ကလေးမျက်စိအခြေအနေ၊ မျက်စိပါ၀ါစစ်ဆေးကုသပေးခြင်း၊ amblyopia ၊ မျက်လုံးတွင်ဓာတ်မတည့်ခြင်းများ၊ မျက်ခွံပိုးဝင်ခြင်း၊ epiblepharon၊ ကလေးအတွင်းတိမ် နှင့် မြင်လွှာများမဖွံ့ဖြိုးခြင်း ကုသမှုတို့ကိုလည်းအထူးပြုသည်။