MBBS (S'pore), M Med (Anaes)
ခွဲစိတ်ပြီးနာကျင်ခြင်း၊ ထုံဆေးပေးခြင်း၊ နာတာရှည်နာကျင်ခြင်း နှင့် ကင်ဆာကြောင့်နာကျင်ခြင်း။
ဒေါက်တာ Ho သည် Raffles ဆေးရုံ နာကျင်ခြင်းကုသပေးသည့်ဝန်ဆောင်မှုတွင် လက်တွှေ့ပိုင်းဆိုင်ရာဒါရိုက်တာဖြစ်သည်။ စင်ကာပူနာကျင်မှုအဖွဲ့အစည်းတွင် ဥက္ကဌအဖြစ် ၆ နှစ်ကြာဦးဆောင်ခဲ့ပါသည်။ ကမ္ဘာ့နာကျင်မှုဝေဒနာအဖွဲ့အစည်း (WIP) အတွက် အရှေ့တောင်အာရှကိုယ်စားပြုလည်းဖြစ်ပြီး၊ ၂၀၀၆ ခုနှစ် WIP တွင် နာကျင်မှုဝေဒနာလက်တွေ့အဖွဲ့ဝင်သင်တန်း (FIPP) ကိုပြီးမြောက်ခဲ့သည်။
ဒေါက်တာ Ho သည် MBBS ဘွဲ့ နှင့် ထုံဆေးအထူးပြုဆေးပညာရပ်မဟာဘွဲ့တို့ကို NUS မှရရှိခဲ့သည်။ အမေရိကန် မြောက်ကရို လိုင်နာ၊ ဒါဟန်ရှိ Duke တက္ကသိုလ်ဆေးရုံတွင် နာကျင်မှုဝေဒနာကုသခြင်းလက်တွေ့အဖွဲ့ဝင်သင်တန်းပြီးမြောက်ခဲ့သည်။ အမေရိကန် နာကျင်မှုဝေဒနာအထူးကုတက္ကသိုလ် (DAAPM) ၏သင်တန်းဆင်းလည်းဖြစ်သည်။
ဒေါက်တာ Ho သည် ခွဲစိတ်ပြီးနောက်ပိုင်းနာတာရှည်နာကျင်မှုအတွက် ကြိုတင်ကာကွယ်ခြင်းနှင့်ကုသခြင်း၊ ခါးနာကျင်မှု အတွက် Radiofrequency Ablation နည်းဖြင့်ကုသခြင်း၊ ခါးခွဲစိတ်မအောင်မြင်ပဲနာကျင်နေမှုအတွက်ကုသမှုများ၊ တန်းမြင့် ကင်ဆာကြောင့်နာကျင်ခြင်း စသောကုသမှုတို့နှင့်သုတေသနတို့ကို အထူးစိတ်ဝင်စားပါသည်။ နာကျင်ခြင်းနှင့်မေ့ဆေးပေးခြင်း ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သောဂျာနယ်ဆောင်ပါးများ၊ ကောက်နုတ်ချက်များ နှင့် စာအုပ်အခန်းကဏ္ဍတို့ တွင်ပါဝင်ရေးသားလျက်ရှိသည်။ နိုင်ငံတကာညီလာခံဆွေးနွေးပွဲများတွင် တင်ပြချက်များဆွေးနွေးပေးခြင်း နှင့် interventional pain cadaver လက်တွေ့သင်တန်းများတွင်လည်း သင်ကြားပေးလျက်ရှိပါသည်။