Dr. Manish Taneja

Dr. Manish Taneja

Dr. Manish Taneja

MBBS (India), FRCR (UK) Diagnostic & Interventional Radiology

Raffles အာရုံကြောအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

Interventional radiology and neuroradiology

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Manish Taneja သည် ဓာတ်မှန်ပညာရှင်ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် Delhi တက္ကသိုလ် Maulana Azad ဆးကောလိပ်မှဘွဲ့ရခဲ့သည်။ အိန္ဒိယတွင်သင်တန်းပြီးဆုံးပြီးနောက် အင်္ဂလန်သို့ပြောင်းရွှေ့ခဲ့ပြီး၊ All Wales အဆင့်မြင့် သင်တန်းအစီအစဉ်ဖြင့် နိုင်ငံအဆင့်ဓာတ်မှန်ဗေဒသင်တန်းကိုရရှိခဲ့သည်။ အထူးကုသင်တန်းသားဆရာဝန်အဖြစ် ၅ နှစ်ကြာ လက်တွေ့သင်တန်းဆင်းခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် အင်္ဂလန်ဓာတ်မှန်ဗေဒအထူးသင်တန်းဆင်းလက်မှတ်ကို ချီးမြှင့်ခြင်းခံရခဲ့ပြီး၊ အင်္ဂလန်တွင်အထူးကုဆရာဝန်အဖြစ်လုပ်ကိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဒေါက်တာ Taneja သည် ကနေဒါသို့ပြောင်းရွှေ့ခဲ့ပြီး Toronto အထွေထွေဆေးရုံ၊ Mount Sinai ဆးရုံ၊ Princess Margaret ဆေးရုံ နှင့် Toronto Western ဆေးရုံ စသည်တို့ပူးပေါင်းပါဝင်သည့် တက္ကသိုလ်ကျန်းမာရေး အဖွဲ့အစည်းကွန်ရက်တွင် vascular နှင့် interventional ဓာတ်မှန်ဗေဒဆိုင်ရာအဖွဲ့ဝင်သင်တန်းကို တစ်နှစ်တက်ရောက်ခဲ့ သည်။ peripheral arterial and venous endovascular interventions, hepatobiliary interventions, oncologic interventions, gynecologic interventions, renal and dialysis related interventions တို့ပါဝင်သည့်ဓာတ်မှန်ဗေဒ ဆိုင်ရာဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်လုပ်ဆောင်မှု ဘက်စုံကဏ္ဍ၌သင်တန်းရရှိခဲ့သည်။

ဒေါက်တာ Taneja သည် အမေရိကန်ဆရာဝန်လိုင်စင်စာမေးပွဲများပြီးဆုံးပြီးနောက် interventional အာရုံကြောဓာတ်မှန် ဗေဒအဖွဲ့ဝင်သင်တန်းကို ထပ်မံတက်ရောက်ခဲ့သည်။ Harborview ဆေးပညာဌာန၊ ဝါရှင်တန်တက္ကသိုလ်ဆေးပညာဌာန နှင့် Seattles ကလေးဆေးရုံတို့ဖွဲ့စည်းပါဝင်သည့် ဝါရှင်တန်တက္ကသိုလ်ဆေးကျောင်းတွင် တစ်နှစ်တာအဖွဲ့ဝင်သင်တန်းဆင်းခဲ့ သည်။ ဦးနှောက်၊ ခေါင်း၊ လည်ပင်း၊ ကျောရိုး စသည့် ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်လုပ်ဆောင်ချက်မှု ဘက်စုံကဏ္ဍအပြင်၊ ဦးနှောက်သွေးကြောဖောင်းများ ၊ လေဖြတ်ခြင်း နှင့် arterio-venous ပုံမမှန်ခြင်းများ စသည့် endovascular ကုသမှုတွင် လည်းအထူးပြုသည်။

Raffles ဆေးရုံ၌ တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Taneja သည် စင်ကာပူအထွေထွေဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ဖူး သည်။ vascular and non-vascular interventions ကဏ္ဍနှစ်ခုလုံးတွင် ဓာတ်မှန်ပိုင်းဆိုင်ရာနည်းပညာအသုံးပြု၍ ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်လုပ်ဆောင်မှုတို့တွင် များစွာအတွေ့အကြုံရှိပါသည်။ အာရုံကြောဓာတ်မှန်ဗေဒ နှင့် vascular imaging တို့တွင်လည်းအထူးစိတ်ဝင်စားသည်။