
MBBS (S’pore), MRCS (Edin), Dip Av Med (UK), FAMS
မျက်စိအထူးကုဗေဒ၊ လေကြောင်းဆိုင်ရာဆေးပညာရပ်။
မျက်စိအတွင်းတိမ်ခွဲစိတ်မှု၊ မျက်စိအမြင်လွှာကုသခြင်း နှင့် လေကြောင်းဆိုင်ရာဆေးပညာရပ်။
ဒေါက်တာ Tan သည် ၂၀၀၀ ခုနှစ်တွင် NUS မှ MBBS ဆေးဘွဲ့ကိုရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် လေကြောင်းဆိုင်ရာ ဆေးပညာဘွဲ့လွန်ဒီပလိုမာ နှင့် ၂၀၀၈ ခုနှစ်တွင် မျက်စိအထူးကုဗေဒမဟာဘွဲ့ကိုပြီးစီးခဲ့ပါသည်။ ၂၀၁၀ တွင် လေကြောင်းဆိုင်ရာဆေးပညာအထူးကု၊ ၂၀၁၃ တွင် မျက်စိအထူးကုဆရာဝန်ကြီးတို့အဖြစ် တရားဝင်အသိအမှတ် ပြုခြင်းခံရခဲ့ပါသည်။
Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Tan သည် စင်ကာပူစစ်တပ်၊ NUS ဆေးရုံ မျက်စိအထူးကုဌာန နှင့် JurongHealth တက္ကသိုလ်ရှိ မျက်စိကုသပေးသည့်ဝန်ဆောင်မှုတို့တွင် ဦးဆောင်ပါဝင်ခဲ့ပါသည်။ SAF မျက်စိ စစ်ဆေးရေးဌာန၏ ဥက္ကဌလည်းဖြစ်ခဲ့ဖူးသည်။ SAF တွင် လေကြောင်းဆိုင်ရာဆေးပညာနှင့်မျက်စိအထူးကုဗေဒ တို့တွင် အတိုင်ပင်ခံဆရာဝန်ကြီးအဖြစ်လုပ်ဆောင်လျက်ရှိသည့်အပြင် CAAS ၏ ဆေးကုသမှုအကဲဖြတ်စစ်ဆေးသူ လည်းဖြစ်သည်။
ဒေသတွင်း ခွဲစိတ်မှုဆိုင်ရာသင်တန်းညီလာခံများ၊ လူမှုရေး-ပြည်သူ့တာဝန်များ နှင့် ပြည်တွင်းမျက်စိစစ်ဆေးခြင်း အစီအစဉ်တို့တွင်ပါဝင်ခဲ့ပါသည်။ လေကြောင်းဆိုင်ရာဆေးပညာ နှင့် မျက်စိရောဂါနှင့်သက်ဆိုင်သည့် သုတေသန စာတမ်းအမြောက်အမြားရေးသားလျက်ရှိပါသည်။ မျက်စိအဝေးမှုန်ကုသမှု နှင့် မျက်စိအမြင်လွှာကုသမှုတို့ကိုလည်း စိတ်ဝင်စားပါသည်။