
MBBS (S’pore), M Med (Int Med), FAMS (Neurology), Cert Neurosonology (ASN), PG Dip (Epidemiology), MSc (Epidemiology), DLSHTM (Epidemiology), Master of Health Science (Stroke Management). FRCP (Edin)
လေဖြတ်ခြင်း၊ neurosonology၊ ကူးစက်ရောဂါပျံ့ပွားမှုကာကွယ်ခြင်းဆိုင်ရာပညာရပ် နှင့် လက်တွေ့ဆေးစမ်းသပ်ချက်များ။
ဒေါက်တာ N V Ramani သည် အာရုံကြောအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်တွင် NUS မှဆေးဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် NUS မှ M Med (Int Med) ကိုရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် Edinburgh ဆရာဝန်ကြီးများဆိုင်ရာတော်ဝင် ကောလိပ်၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ FAMS (Neurology), Cert Neurosonology (ASN), PGDip (Epidemiology) (London), MSc (Epidemiology) (London), DLSHTM (Epidemiology) and Master of Health Science (Stroke Management) (Newcastle) ဘွဲ့လက်မှတ်များကိုလည်းရရှိထားပါသည်။
Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Ramani သည် NUH ဆေးရုံရှိ အာရုံကြောအထူးကုဌာနတွင် စီနီယာအတိုင်ပင်ခံဆရာဝန်ကြီးဖြစ်ခဲ့သည်။ Yong Loo Lin ဆေးကျောင်း၏ ဆေးပညာဌာန၊ ကူးစက်ရောဂါပျံ့ပွားမှု ကာကွယ်ရေးဌာန နှင့် ပြည်သူ့ကျန်းမာရေးဌာနတို့၏ လက်ထောက်ပါမောက္ခလည်းဖြစ်သည်။ ဆေးပညာဆိုင်ရာ ဘွဲ့သင်တန်းနှင့်ဘွဲ့လွန်သင်တန်းများ၊ ကျန်းမာရေးပြုစုစောင့်ရှောက်သည့်လုပ်သားများနှင့်ပြည်သူတို့ကို သင်ကြားပေးခြင်း တို့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ဒေါက်တာ Ramani သည် ပြည်တွင်းနှင့်နိုင်ငံတကာကော်မတီများတွင် အဖွဲ့ဝင်ဖြစ်သည့်အပြင် ဆေးပညာ၊ အာရုံကြောဗေဒ နှင့် လေဖြတ်ခြင်း စသည့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သောဂျာနယ်များတွင် ဆောင်းပါးများကိုစစ်ဆေးတည်းဖြတ် ပေးသည့်ဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။ လေဖြတ်ခြင်းကုသမှု၊ neurosonology၊ ကူးစက်ရောဂါပျံ့ပွားမှုကာကွယ်ခြင်းဆိုင်ရာ ပညာရပ် နှင့် လက်တွေ့ဆေးစမ်းသပ်ချက်များကိုအထူးစိတ်ဝင်စားပါသည်။