MBBS (UK), MRCP (UK)
လက်တွေ့စိတ်၀င်စားမှု
နှလုံးဖောက်ခြင်း နှင့် နာတာရှည်နှလုံးအောင့်ခြင်း စသည့် နှလုံးသွေးကြောရောဂါများကို စစ်ဆေးဖော်ထုတ်ခြင်း နှင့် ကုသခြင်း။
ကိုယ်ရေးရာဇ၀င်
ဒေါက်တာ Tan Sian Tsung သည် နှလုံးအထူးကုဆရာ၀န်ကြီးဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် အင်္ဂလန်ရှိ Guy’s, King’s and St Thomas’ ဆေးကျောင်းမှ MBBS ကိုရရှိခဲ့ပြီး၊ လက်တွေ့ဆင်းထူးချွန်ဆုကို ချီးမြှင့်ခံရခဲ့ပါသည်။ နှလုံးအဆင့်မြင့်အထူးကုသင်တန်းကို အင်္ဂလန်အရှေ့ပိုင်း East Anglia ဆေးရုံများတွင် အလှည့်ကျသင်တန်းဆင်းခဲ့ပြီး၊ Royal Papworth ဆေးရုံ၊ Norfolk နှင့် Norwich University ဆေးရုံတို့တွင် နှလုံးသွေးကြောဆိုင်ရာအထူးသင်တန်းကိုပြီးဆုံးခဲ့ပါသည်။
Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Tan သည် Royal Brompton နှင့် Harlefield ဆေးရုံများတွင် ၂၂ လတာကာလအတွင်း ဒေါက်တာ Jonathan Hill ၏ကြီးကြပ်မှုအောက်တွင် ရှုပ်ထွေးသောနှလုံးသွေးကြောရောဂါကု အကြီးတန်းအဖွဲ့၀င်ဆရာ၀န်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ Royal Brompton နှင့် Harlefield ဆေးရုံတို့သည် ဗြိတိန်နှင့်ဥရောပတို့၌ အကြီးဆုံးနှလုံးနှင့်အဆုတ်စင်တာဖြစ်ပါသည်။ အထူးကုအဖွဲ့၀င်သင်တန်းဆင်းကာလ၌ Northwick Park ဆေးရုံတွင် အလုပ်များသောနှလုံးဌာနကိုကြီးကြပ်ရန် ဂုဏ်ထူးဆောင်နှလုံးအထူးကုဆရာ၀န်အဖြစ်လုပ်ကိုင်ခဲ့ပါသည်။
ဒေါက်တာ Tan သည် revascularisation multi-disciplinary အဖွဲ့၀င်ဖြစ်ပြီး၊ cardiogenic shock programme တွင်တက်ကြွစွာပါ၀င်ခြင်းဖြင့် နှလုံးသွေးကြောနှင့်အဆို့ရှင်ရောဂါကုထုံးအဆင့်သတ်မှတ်မှုအတွက် ကျိုးကြောင်းဆီလျော်ခက်ခဲသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် တိုးတက်စေပါသည်။ ဒေါက်တာ Tan သည် နှလုံးသွေးကြောစစ်ဆေးခြင်းလုပ်ဆောင်ချက် ၁၀၀၀ ကျော်ကိုပြုလုပ်ခဲ့ဖူးပြီး၊ ၂၅၀ ကျော်မှာ ရှုပ်ထွေးခက်ခဲသောလုပ်ဆောင်ချက်များဖြစ်ပြီး၊ ၁၂၅ ကျော်မှာ နှလုံးသွေးကြောပြွန်ထောက်ထည့်သည့်လုပ်ဆောင်ချက်များဖြစ်ပါသည်။
ဒေါက်တာ Tan သည် သုတေသနနှင့်ဆေးကုသ ဆန်းသစ်တီထွင်မှုအပိုင်းတွင် အလွန်စိတ်၀င်စားပါသည်။ Royal Brompton ဆေးရုံ Reducer-1 စမ်းသပ်စစ်ဆေးမှုတွင် သုတေသနရှင်တစ်ဦးဖြစ်ပြီး၊ မြောက်မြားစွာသော အပြည်ပြည်ဆိုင်ရာနှလုံးအထူးကုဆွေးနွေးပွဲများတွင် စာတမ်းများတင်ပြလျက်ရှိပါသည်။ အင်္ဂလန်ဆေးပညာနှင့် သဘာဝတရား အစရှိသည့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သောသုတေသနဂျာနယ်များတွင် လေ့လာမှု ၁၈ ခုကို ရေးသားဖြန့်ချီခဲ့ပါသည်။
ဒေါက်တာ Tan သည် အထွေထွေနှင့်နှလုံးရောဂါလုပ်ဆောင်မှုများတွင်ပါ၀င်သည့် နှလုံးသွေးကြောရောဂါများကို အကဲဖြတ်ခြင်း၊ နှလုံးရောဂါနှင့်ဆိုင်သည့်လုပ်ဆောင်မှုများ၊ နှလုံးဇီဝကမ္မဗေဒ အကဲဖြတ်ခြင်း၊ CTO နှလုံးသွေးကြောပြွန်ထောက်ထည့်ခြင်း၊ Impella CP ကိရိယာများအသုံးပြုမှု၊ နှလုံး sinus reducers ထည့်ခြင်းတို့ကို အထူးကျွမ်းကျင်ပါသည်။ နှလုံးသွေးကြောရောဂါ၊ နှလုံးဖောက်ခြင်း၊ နှလုံးအောင့်ခြင်း စသည်တို့ကို စစ်ဆေးဖော်ထုတ်ခြင်း နှင့် ကုသခြင်းတို့ကို အထူးစိတ်၀င်စားပါသည်။
ဒေါက်တာ Tan သည် နောက်ဆုံးပေါ်နည်းပညာများနှင့်နည်းစနစ်များ အသုံးပြုခြင်းဖြင့် ကုသမှုအားလုံးကို ရလဒ်ကောင်းအထောက်အထားနှင့်အကောင်းဆုံးကိုဖြစ်စေပါသည်။ ဆုံးဖြတ်ချက်ချမှတ်သည့်အခါ ဘက်စုံစောင့်ရှောက်ကုသမှု နှင့် လူနာအပေါ်ဦးစားပေးမှုကို လက်ခံကျင့်သုံးပါသည်။ စီမံခန့်ခွဲရွေးချယ်မှုတိုင်းသည် လူနာများ၏အကောင်းဆုံးအကျိုးစီးပွား နှင့် အကောင်းဆုံးဘဝအရည်အသွေးဖြစ်စေရန် အမြဲထည့်သွင်းစဉ်းစားသေချာစေပါသည်။