
MBBS (S'pore), M Med (Int Med), MRCP (UK), FRCP (Edin), FAMS
အဆစ်ရောင်ရမ်းခြင်းရောဂါများ၊ မှတ်ဉာဏ်ချို့ယွင်းချက်များ၊ မတော်တဆပြုတ်ကျခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ အသက်ကြီးလာသည်နှင့်အမျှ ဖြစ်တတ်သောရောဂါများ စသည့် သက်ကြီးရွယ်အိုကုသစောင့်ရှောက်မှုဆေးပညာ။
ဒေါက်တာ Teo Sek Khee သည် သက်ကြီးရွယ်အိုအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ UK Southampton အထွေထွေဆေးရုံ နှင့် UK, Bath ရှိ အဆစ်ရောင်ရမ်းခြင်းရောဂါအထူးကုတော်ဝင်ဆေးရုံတို့တွင် အထူးသင်တန်းရရှိထားသူဖြစ်ပါသည်။
ဒေါက်တာ Teo သည် အဆစ်ရောင်ရမ်းခြင်းရောဂါများ၊ မှတ်ဉာဏ်ချို့ယွင်းချက်များ၊ မတော်တဆပြုတ်ကျခြင်း၊ ဆီးဝမ်းမထိန်း နိုင်ခြင်း၊ အသက်ကြီးလာသည်နှင့်အမျှဖြစ်တတ်သောရောဂါများ စသည့်သက်ကြီးရွယ်အိုကုသစောင့်ရှောက်မှုဆေးပညာကို အထူးပြုသည်။ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှချီးမြှင့်သည့် သက်ကြီးရွယ်အိုကုသစောင့်ရှောက်မှုဆေးပညာ ဒီပလိုမာလက်မှတ်အတွက်စာစစ်လည်းဖြစ်သည်။