MBBS (S’pore), MRCP (UK), M Med (S’pore), FAMS (S’pore), MSc (UK)
လက်တွေ့စိတ်ဝင်စားမှု
Hypothalamic-pituitary gland ၊ adrenal gland ၊ androgen ဟော်မုန်းပုံမမှန်ခြင်းများ၊ အရိုးပွခြင်း။
ကိုယ်ရေးရာဇဝင်
ဒေါက်တာ Tng သည် ဆီးချိုနှင့်ပြွန်မဲ့ဂလင်းရောဂါအထူးကုဆရာဝန်းကြီးဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်တွင် စင်ကာပူ အမျိုးသားတက္ကသိုလ် NUS မှ MBBS ရရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် NUS မှ ဆေးပညာရပ်မဟာဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဆရာ၀န်ကြီးများဆိုင်ရာတော်၀င်ကောလိပ်ကြီးမှူးသည့် ပြွန်မဲ့ဂလင်းဟော်မုန်းဗေဒနှင့်ဆီးချိုအထူးကုဗေဒ စာမေးပွဲကိုအောင်မြင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် Queen Mary University of London မှ ပြွန်မဲ့ဂလင်းဟော်မုန်းဗေဒ နှင့်ဆီးချိုဆိုင်ရာ မဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် University College London မှ Evidence-based Healthcare မဟာသိပ္ပံဘွဲ့ကိုထပ်မံရရှိခဲ့ပြီး Dean’s List တွင်ပါ၀င်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်တွင် အခြေခံအထူးကုသမှုသင်တန်းပြီးဆုံးပြီးနောက် ဒေါက်တာ Tng သည် ၂၀၁၄ ခုနှစ်တွင် ပြွန်မဲ့ဂလင်း ဟော်မုန်းဗေဒ နှင့်ဆီးချိုဆိုင်ရာ အဆင့်မြင့်အထူးကုသမှုသင်တန်းကို ဆက်လက်ပြီးမြောက်ခဲ့ပါသည်။ ကျန်းမာရေး၀န်ကြီးဌာနလက်အောက်ရှိ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်အရ ၂၀၁၉ ခုနှစ်တွင် လန်ဒန်ရှိ St Bartholomew’s ဆေးရုံတွင် ပြွန်မဲ့ဂလင်းဟော်မုန်းနှင့်ဆီးချိုရောဂါဗေဒ၊ Oxford Centre တွင် ပြွန်မဲ့ဂလင်းဟော်မုန်း၊ ဆီးချိုရောဂါ နှင့် ဇီ၀ လုပ်ဆောင်မှုဗေဒ အဖွဲ့၀င်သင်တန်းတို့ကိုပြီးမြောက်ခဲ့ပါသည်။
Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Tng သည် ၂၀၁၄ ခုနှစ်တွင် ချန်ဂီအထွေထွေဆေးရုံကြီး နှင့် ၂၀၁၄ မှ ၂၀၂၂ ခုနှစ်အထိ Ng Teng Fong အထွေထွေဆေးရုံကြီး (NTFGH) တို့တွင် ဆီးချိုနှင့်ပြွန်မဲ့ဂလင်းရောဂါ အထူးကုဆရာဝန်းကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ NTFGH တွင် အရိုးပွရောဂါ၀န်ဆောင်မှုကို တည်ထောင်ခဲ့ပြီး၊ လက်တွေ့ ဦးဆောင်ခဲ့ပါသည်။
ဒေါက်တာ Tng သည် ယူကေဆရာ၀န်ကြီးများဆိုင်ရာတော်၀င်ကောလိပ် နှင့် စင်ကာပူဆေးပညာတက္ကသိုလ် ဆီးချိုနှင့် ပြွန်မဲ့ဂလင်းရောဂါအပိုင်းတွင် အဖွဲ့၀င်ဖြစ်ပါသည်။ စင်ကာပူ မိသားစုဆရာ၀န်များကောလိပ်၊ စင်ကာပူပြွန်မဲ့ဂလင်းဟော်မုန်းဗေဒနှင့်ဇီ၀လုပ်ဆောင်မှုဗေဒအဖွဲ့အစည်း နှင့် စင်ကာပူအရိုးပွဗေဒအဖွဲ့အစည်းတို့တွင်လည်း အဖွဲ့၀င်ဖြစ်ပါသည်။ Cochrane ပူးပေါင်းဆောင်ရွက်မှုတွင်လည်းအသင်းဝင်ဖြစ်သည်။ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်ကြား စင်ကာပူ ပြွန်မဲ့ဂလင်းဟော်မုန်းဗေဒနှင့်ဇီ၀လုပ်ဆောင်မှုဗေဒအဖွဲ့အစည်းတွင် အတွင်းရေးမှူးဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် စင်ကာပူကျန်းမာရေး ၀န်ကြီးဌာနမှထုတ်ဝေသော အရိုးပွရောဂါဆိုင်ရာသင့်လျော်သောစောင့်ရှောက်မှုလမ်းညွှန်တွင် ကျွမ်းကျင်အုပ်စုအဖွဲ့၀င်ဖြစ်ခဲ့ပါသည်။
ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတွင် ဆီးချိုရောဂါ၊ အ၀လွန်ခြင်း၊ သွေးတွင်းအဆီများခြင်း၊ လည်ပင်းသိုင်းရွိုက်၊ အရိုးပွ နှင့် ဇီ၀ဆိုင်ရာအရိုးရောဂါများ၊ adrenal gland ၊ hypothalamic-pituitary gland ၊ androgen ဟော်မုန်းပုံမမှန်ခြင်းများနှင့်အာရုံကြောဆိုင်ရာပြွန်မဲ့ဂလင်းကင်ဆာကျိတ်များ ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့်ကုသခြင်းတို့ကို အထူးစိတ်၀င်စားပါ သည်။