Dr. Woo Shu Jeng

Dr. Woo Shu Jeng

Dr. Woo Shu Jeng

MBBS (Australia), MRCP (UK)

Raffles ဆေးပညာအထူးကုဌာန။

လက်တွေ့စိတ်၀င်စားမှု။

အထွေထွေ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အသည်းခြောက်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်သည့် အသည်း၊ သည်းခြေ၊ ပန်ကရိယရောဂါ၊ ရေဖျင်းစွဲခြင်း၊ ရေဖျင်းစွဲရာမှပိုး၀င်ခြင်း၊ သွေးကြောဖောင်းခြင်းနှင့်သွေးယိုခြင်း များကိုကုသခြင်း၊ အသည်းကင်ဆာရောဂါ၊ ကိုယ်တွင်းပဋိဓာတ်ရောဂါကြောင့်ဖြစ်သည့် အသည်းနှင့်သည်းခြေပြွန် ရောဂါများ၊ နာတာရှည် အသည်းရောင်အသား၀ါ B နှင့် C ရောဂါများ။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Woo Shu Jeng သည် အစာအိမ်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါ အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ National Junior College တွင် Cambridge A အဆင့်ပြီးမြောက်ရန်အတွက် Youth Flying Club-ASEAN ပညာသင်ဆုကို ချီးမြှင့်ခံရခြင်းမတိုင်မှီ မလေးရှားတွင်ပညာသင်ကြားခဲ့ပါသည်။ မလေးရှားပြည်သူ့၀န်ဆောင်မှုဌာနပညာသင်ဆုဖြင့် ဆေးပညာရပ်ကို ဆစ်ဒနီတက္ကသိုလ်တွင်ပညာသင်ကြားခွင့်ရခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ဂုဏ်ထူးဖြင့်ဘွဲ့ရခဲ့ပါသည်။ မလေးရှားတွင် သားဖွားမီးယပ်ကုသမှု၊ အထွေထွေခွဲစိတ်ကုသမှု၊ မတော်တဆထိခိုက်ဒဏ်ရာကုသမှု၊ မိသားစုကျန်းမာရေး နှင့် မီးမဖွားမှီပြုစုကုသမှုတို့တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးနောက် ဒေါက်တာ Woo သည် အထွေထွေဆေးပညာရပ် သက်မွေး၀မ်းကြောင်းအတွက် တိုးတက်အောင်လုပ်ပြီး၊ ၂၀၀၈ ခုနှစ်တွင် အင်္ဂလန်ဆရာ၀န်များဆိုင်ရာတော်၀င်ကောလိပ်အဖွဲ့၀င်အဖြစ် ချီးမြှင့်ခြင်း ခံရခဲ့ပါသည်။

၂၀၀၉ မှ ၂၀၁၂ အထိ စင်ကာပူ NUS တွင် အစာအိမ်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါ ပညာရပ်လက်တွေ့သင်တန်းကိုရရှိခဲ့ပါသည်။ စက်တင်ဘာ ၂၀၁၁ တွင် ဂျပန်နိုင်ငံ Kyushu University Hospital ၌ ဧည့်ပညာသင်ဆုရှင်အဖြစ် အစာအိမ်အူလမ်းကြောင်းဆိုင်ရာမှန်ပြောင်းကြည့်သင်တန်းကို ရရှိခဲ့ပါသည်။ ထိုအချိန်က သူ၏စိတ်၀င်စားမှုမှာ အစာအိမ်ကင်ဆာရောဂါဖော်ထုတ်စစ်ဆေးရန်အတွက် သေးငယ်ပြီး ကွေးဆန့်နိုင်သည့်ပုံရိပ်ကြည့်ကိရိယာအသုံးပြုခြင်းဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် နို၀င်ဘာတွင် အစာအိမ်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါ အထူးကုဆရာ ဝန်ကြီးအဖြစ် တရား၀င်အသိအမှတ်ပြုခံရပြီးနောက် ဒေါက်တာ Woo သည် Khoo Teck Puat ဆေးရုံတွင် အထွေထွေအစာအိမ်အူလမ်းကြောင်းရောဂါကုသခြင်းအပြင် အသည်းအထူးကုဆေးခန်းတွင်ပါ တာ၀န်ထမ်းဆောင်ခဲ့ပါ