ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း။

ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း။
21

ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် နံပါတ် ၃ အဖြစ်အများဆုံးကင်ဆာဖြစ်ပါသည်။ အသက် ၅၀ အထက် အမျိုးသား ၃ ယောက်တွင် ၁ ယောက်သည် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ရှိပါသည်။ သင်သည် အသက် ၅၀ အထက်၊ အဝလွန်ခြင်း (သို့) အဆီများသောအစာစားသုံးခြင်း၊ သင့်မိသားစု၀င်တွင် ဆီးကျိတ်ကင်ဆာရှိဖူးသည့် ကျန်းမာရေးရာဇဝင်ရှိပါက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ပို၍မြင့်ပါသည်။

ဆီးကျိတ်ကင်ဆာရှိပါက ခံစားရနိုင်သည့်လက္ခဏာများမှာ-

  • ညဘက် ဆီးခဏခဏသွားခြင်း။
  • ဆီးစထွက်ရန် (သို့) ဆီးအောင့်ထားရန် ခက်ခဲခြင်း။
  • ဆီးပေါက်မထွက်ခြင်း။
  • ဆီးထွက်အားနည်းခြင်း။
  • ဆီးသွားနာကျင်ခြင်း။
  • ဆီးတွင် (သို့) သုတ်ရည်တွင် သွေးပါခြင်း။

အထက်ပါလက္ခဏာများကိုခံစားနေရပါက ရောဂါအခြေအနေပိုမဆိုးမှီ ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးဖြင့် ကုသမှုခံယူသင့်ပါသည်။

ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း Package (S$ 341.15) တွင် အောက်ပါအတိုင်းပါ၀င်ပါသည်။

  • ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးဖြင့် တိုင်ပင်ဆွေးနွေးခြင်း။
  • ကျောက်ကပ်နှင့်ဆီးကျိတ်ကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်စစ်ဆေးခြင်း။
  • ဆီးကျိတ်ကင်ဆာရှိမရှိ သွေးဖောက်စစ်ဆေးခြင်း။ (PSA)
  • ဆီးထွက်အားတိုင်းတာခြင်း။ (Uroflowmetry)

စင်ကာပူ Raffles ဆေးရုံတွင် ဆီးကျိတ်ကင်ဆာစစ်ဆေးလိုသူများ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။