Dr Andrew Fong Wei Liang

Dr Andrew Fong Wei Liang

Dr Andrew Fong Wei Liang

MBBS (S’pore), M Med (S’pore), MRCP (UK), FAMS (S’pore)

လက်တွေ့စိတ်၀င်စားမှု

ပြင်းထန်သောရုတ်တရက်ဖြစ်သည့်ရောဂါများ၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် မရည်ရွယ်ဘဲကိုယ်အလေးချိန်ကျခြင်း၊ နာတာရှည်ရောဂါများ (ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်း၊ ဂေါက်ရောဂါ ‌‌‌‌‌‌‌‌နှင့် အရိုးပွရောဂါ)၊ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့မှု နှင့် ကျန်းမာရေးချို့ယွင်းချက်များ စသည့် ခွဲခြားမရသော ဆေးပညာဆိုင်ရာ ပြဿနာများကိုချဉ်းကပ်ခြင်း။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Fong သည် ဆေးပညာအထူးကုပါရဂူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် NUS မှဆေးပညာဘွဲ့ ၊ ထို့နောက် ဆေးပညာမဟာဘွဲ့ ကို NUS မှထပ်မံရရှိခဲ့ပါသည်။ ဒေါက်တာ Fong သည် ၂၀၁၈ ခုနှစ်တွင် Royal College of Physicians နှင့် ၂၀၂၁ ခုနှစ်တွင် Academy of Medicine Singapore တို့၏အဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရခဲ့ပါသည်။

Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Fong သည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ နှင့် Tan Tock Seng ဆေးရုံတွင် အဆင့်မြင့်ဆေးပညာအကြီးတန်း လက်တွေ့ဆင်းသင်တန်းကိုပြီးမြောက်ခဲ့သည်။ ဒေါက်တာ Fong သည် NUS Yong Loo Lin ဆေးကျောင်းနှင့် NTU Lee Kong Chian ဆေးကျောင်းတို့တွင် ဆေးဘက်ဆိုင်ရာ နည်းပြဆရာဖြစ်သည်။ ကျန်းမာရေးချို့ယွင်းမှုကာကွယ်ရေးနှင့် MRSA ကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးစီမံကိန်းများတွင်လည်းပါဝင်ခဲ့သည်။

သူ၏လက်တွေ့စိတ်ဝင်စားမှုများတွင် ပြင်းထန်သောရုတ်တရက်ဖြစ်သည့်ရောဂါများ၊ ခွဲခြားမရသော ဆေးပညာဆိုင်ရာ ပြဿနာများ၊ နာတာရှည်ရောဂါများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်း၊ အရိုးပွရောဂါနှင့် ဂေါက်ရောဂါ ကုသမှုတို့ပါဝင်သည်။ ထို့အပြင် သူသည် ကျန်းမာရေးချို့ယွင်းချက်များ နှင့် အာဟာရဆိုင်ရာဆေးပညာတို့တွင် အထူးစိတ်ဝင်စားပါသည်။