MBBS (Adelaide), M Med (Psych)
စိတ်ရောဂါ (စိတ်ဓာတ်ကျခြင်း၊ စိတ်မမှန်ခြင်း၊ စိုးရိမ်ကြောင့်ကြပူပန်ခြင်း၊ စိတ်ဖိစီးမှု နှင့် ပြင်းထန်သည့်စိတ်ဝေဒနာ)၊ စွဲလမ်း ခြင်းစိတ်ရောဂါ (အရက်၊ အရာဝတ္ထု နှင့် အပြုအမူပိုင်းဆိုင်ရာ)၊ ကလေးနှင့်ဆယ်ကျော်သက်စိတ်ရောဂါ၊ မှုခင်းဆေးပညာ ဆိုင်ရာကိစ္စများ၊ နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုခြင်း။
ဒေါက်တာ Tan သည် သြစတေးလျ Adelaide တက္ကသိုလ်မှ MBBS ဆေးဘွဲ့၊ NUS မှ Master of Medicine (Psychiatry) အထူးပြုဘွဲ့ကိုရရှိခဲ့သည်။ လူကြီးစိတ်ရောဂါ၊ ကလေးနှင့်ဆယ်ကျော်သက်စိတ်ရောဂါ၊ ဆေးစွဲခြင်း နှင့် မှုခင်းဆေးပညာဆိုင်ရာ စိတ်ရောဂါကုသခြင်းတို့တွင်ကျွမ်းကျင်သည်။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုခြင်းတွင်လည်း အထူးကျွမ်း ကျင်သည်။ ပစ္စည်းဥစ္စာအလွှဲသုံးစားပြုခြင်း နှင့် လောင်းကစားစွဲခြင်းတို့အတွက် တိုင်ပင်ဆွေးနွေးပေးသူလည်းဖြစ်သည်။
ဒေါက်တာ Tan သည် MOH လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကျန်းမာရေးအစီအစဉ်ပညာသင်ဆုကို လက်ခံရရှိထားသူ၊ အမေရိကန် Yale တက္ကသိုလ်၌ ဆေးစွဲခြင်း နှင့် impulse control disorders ကုသမှုတို့ကို သင်တန်းရရှိထားသူလည်းဖြစ် သည်။ ယခင်က IMH, Department of Addiction Medicine ၏ တွဲဖက်အရာရှိလည်းဖြစ်ခဲ့ဖူးသည်။ Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ ကိုယ်ပိုင်ဆေးခန်းဖွင့်ခဲ့ဖူးသဖြင့် bipolar ၊ အစောပိုင်းပြင်းထန်သည့်စိတ်ဝေဒနာ၊ ကလေးနှင့် ဆယ်ကျော်သက်စိတ်ရောဂါ၊ ဆေးစွဲခြင်း စသည့်ကုသမှုများတွင် အတွေ့အကြုံရှိသည်။
ဒေါက်တာ Tan သည် သြစတေးလျတွင် ၃ နှစ်တာ အလုပ်အတွေ့အကြုံရှိသည်။ ဒေါက်တာ Tan သည် ၂၀၀၈ ခုနှစ်တွင် “Prescribing of Benzodiazepines” နှင့် ၂၀၁၁ ခုနှစ်တွင် “Management of Gambling Disorders” စသည့် MOH ဆးဝါးဆိုင်ရာလက်တွေ့လမ်းညွှန်ပြဌာန်းချက်များရေးသားရာတွင် အဓိကအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ထွက်သည့် Gambling Disorder စာအုပ်၏ တွဲဖက်စာရေးဆရာဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစ၍ စိတ်ကျန်းမာရေးဒီပလိုမာ သင်တန်းတွင် စာသင်ကြားပေးလျက်ရှိပါသည်။